ရန်ကုန် ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးသိန်းသန်းနှင့် အတွင်းရေး မှူး EO ဦးဝင်းနိုင်၊ လမ်းတံတား(တာဝန်ခံ) နှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက် အောက်မင်္ဂလာဒုံ လမ်းမကြီးဘေးရှိ အများ ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် လူသွား ပလက်ဖောင်း စင်္ကြန်ပြုလုပ်နေသည့် လုပ်ငန်းသို့ သွားရောက်၍ ကြည့်ရှု စစ်ဆေးခဲ့ရာ လုပ်ငန်းခွင်နှင့် မလွတ်ကင်းသည့် လျှစ်စစ်၊ ဆက်သွယ်ရေး တိုင်များအား ဌာနဆိုင်ရာများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်စေရေးနှင့် လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းစွာ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးညှိနှိုင်းမှာကြားခဲ့သည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)