မိုင်းရယ် ဇန်နဝါရီ ၁၄
မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာနမှ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပြည်သူများအား အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အမှိုက်များစနစ်တကျ သိမ်း ဆည်းခြင်း၊ အမှိုက်ကျင်းများ ရှင်းလင်းခြင်းများကို ယမန်နေ့ ညနေပိုင်းက လားရှိုးလမ်း၊ သီပေါလမ်းများရှိ အမှိုက်ကျင်းနေရာများအား စက်ယန္တရားများဖြင့် ရှင်းလင်းခြင်းကို မြို့နယ်အမှုဆောင်အရာရှိ ဦးသိန်းစိုးမှ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
ပြည်သူများ၏ နေ့စဉ်သုံးစွဲမှုမှ ထွက်ရှိလာသည့် အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရေး အတွက် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့ များတွင် မြို့ပေါ် ရပ်ကွက်(၃)ရပ်ကွက်နှင့် မြို့မဈေးများအား အမှိုက်သိမ်းယာဉ်များဖြင့် သိမ်းဆည်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်