ရွာသစ်မြို့ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရွာသစ် ဇန်နဝါရီ ၁၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက အဆိုပါ နေရာများ ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်သည့် ရွာသစ်မြို့ ဒေါလဲဒူကျေးရွာ ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းနှင့် ရေစုကန်ဂါလံ(၁၀၀၀၀)ဆံ့ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ပြည်နယ်စာရင်းစစ်အဖွဲ့၊ ပြည်နယ်ကျေးလက် နည်းပညာအဖွဲ့၊ ဘောလခဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ထားသော လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)