သတင်းများ

ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်
Jan 14,2021
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဖလမ်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ကရသူရိမြို့အတွင်း လမ်းဘေးဝဲယာနယ်နိမိတ်များတွင် ကျူးကျော်၍ နေအိမ်/တဲများ၊ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းဆောင်ရွက်
Jan 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်း လမ်းဘေးဝဲယာ နယ်နိမိတ် များတွင် ကျူးကျော်၍ နေအိမ်/တဲများ၊ အဆောက်အဦများဆောက်လုပ်ခြင်း၊ စိုက်ပျိုး လုပ်ကိုင်ခြင်းနှင့်တရားမဝင် အကွက်ရိုက်ဆောက်လုပ်မှုများ မဖြစ်ပေါ်စေရေး ယမန်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခိုင်ကမ်းမြို့ လူထုအခြပြုဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြုလုပ်
Jan 14,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူလတန်းလွန်အဆင့် ကလေးငယ်များ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပြုလုပ်ခဲ့ပါသည်။
ဖယ်ခုံမြို့နယ် မီးသတ်တပ်ဖွဲ့၌ မီးသတ်စက်ကြီး သင်ခန်းစာများလေ့ကျင့်
Jan 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် မီးသတ်ဦးစီးဌာန၌ အပတ်စဉ် နေ့စဉ်သက်ဆိုင်ရာ သင်ခန်းစာများကို အလှည့်ကျ လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်မီးသတ် တပ်ဖွဲ့၀င်များသည် မီးသတ်စက်ကြီး လေ့ကျင့်ခန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
မိုင်းပျဉ်း၌ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Jan 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ခုန်နားကျောင်း ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မှု အခြေအနေ များအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်၊။
ကော့သောင်းမြို့တွင် တောမီးလောင်မှုဖြစ်ပွား
Jan 14,2021
ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် ၊ ရန်ကြီးအောင် ၆ လမ်း၊ အဘယရာမ ဘုန်ကြီးကျောင်း၏ အနောက်ဘက်ရှိ ၁၁၉၉ တောင်ပေါ်တွင် ယမန်နေ့ ညနေပိုင်းက တောမီးလောင်ကျွမ်း မှုဖြစ်စဉ် တစ်ခုဖြစ်ပွားသည်။
မိုးညိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Jan 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး‌ ဆောင်ရွက်ပြီးစီးနေမှုများနှင့် လိုအပ်ချက်များအား ကွင်းဆင်းစစ်ဆေး
Jan 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊‌ အလယ်ရွာကျေးရွာ အုပ်စုအတွင်း ဆောင်ရွက်ပြီးစီးသည့် ကျေးရွာမီးလင်းရေး ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များအား မြို့နယ်လွှတ်တော်ကိုယ်စားလှယ် နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။