ဟင်္သာတ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း Mask Campaign ပြုလုပ်

ဟင်္သာတ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ဒေသတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု အခြေအနေများကြောင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် အတွက် အိမ်အပြင်ထွက်သူတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်သွား လာစေရေး Mask Campaign ကို ယနေ့နံနက် ၈ နာရီက  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign ပြုလုပ်ခြင်းတွင် ဟင်္သာတခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင် ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်နှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိမ်းရဲတပ်ဖွဲ့၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့များနှင့် စျေးကော်မတီအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များက ပဒေသာစျေးကြီး၊ ဌေးဝင်းစျေးကြီး၊ တာပေါ်စျေးနှင့် မန်းဘခိုင်လမ်းမကြီးတို့တွင် စျေးဝယ်သူ၊ စျေးရောင်းချသူများနှင့် လမ်းသွား၊ လမ်းလာ ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေး နှိုးဆော်ခြင်း၊ Mask အခုရေ (၁၀၀၀)ကျော်နှင့် Face shield များကို ပြည်သူများအား ဖြန့်ဝေ​ပေး​ခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)