ဆင်ပေါင်ဝဲမြို့နယ်၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး Service Box တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး အတွက် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက Service Box များ တပ်ဆင်ခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်မှုတွင် အမှတ်(၃)ရပ်ကွက်ရှိ လူနေအိမ်များ၊ သာသနိကအ ဆောက်အဦများ၊ ရုံးဌာနများ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေ၊ ဆားဗစ်ကြိုးများသွယ်တန်းထားမှု အခြေအနေ၊ ဓာတ်အားလိုင်းကြိုးများ လျော့ကျခြင်း ရှိ/မရှိများ စစ်ဆေးပြီး ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ တိရစ္ဆာန်အကောင်များတက်ခြင်းမှ ဓာတ်အား ပြတ်တောက်မှုမဖြစ်စေရေးနှင့် ကာကွယ်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးတို့အတွက် လျှပ်စစ်ဓာတ်အား တိုင်များတွင် Service Box များ တပ်ဆင်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ သိရ သည်။

အိဖြူဖြူမောင်(ပြန်/ဆက်)