ရွှေတောင် ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများက နံနက်(၆)နာရီမှ ည(၁၁)အထိ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ မြို့ဝင်လူဝင်/ လူထွက်စောင့်ကြပ်ကြည့်ရှု စစ်ဆေးမေးမြန်းခြင်းတို့ကို မြို့ဝင်ဂိတ်တွင် နေ့ရောညပါ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်အတွင်းသို့ အခြားနေရာနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် နေရာဒေသများမှ လာရောက်ကြသူများ၊ ခရီးသွားများနှင့် မော်တော်ယာဉ်များအားလုံးကို စစ်ဆေးမေးမြန်းခြင်း၊ အဝင်အထွက် ကြည့်ရှုစစ်ဆေးခြင်းတို့ကို မြို့နယ် ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးနှင့်ဌာနဆိုင်ရာတို့ ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)