ဇေယျာသီရိ ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီး များအား ယမန်နေ့ မွန်းလွဲပိုင်းက ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ထောက်ပံ့ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ချမ်းမြေ့ဦး၊ အတွင်းရေးမှူး ဒေါ်ဟန်နီဖြိုးတို့က ဝန်ထမ်းသားသမီး (၂၄)ဦးအား ငွေသား (၇ဝ,ဝဝဝိ/-) ကျပ် နှင့် ကျောင်းဝတ်စုံတန်ဖိုးငွေ ( ၂ဝ၅,ဝဝဝိ/-) ကျပ် စုစုပေါင်း တန်ဖိုးငွေ (၂၇၅,ဝဝဝိ/- )ကျပ်တို့အား ဝန်ထမ်းသားသမီးများ အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)