မလှိုင်၊ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာ အကြီးအကဲများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းဝေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က လုံခြုံရေး အလေးထား ဆောင်ရွက်သွားကြရန်၊ စာသင်ကျောင်းများဖွင့်လှစ်နိုင်မှု အခြေအနေ၊ ကျောင်းနေအရွယ် ကလေးများ အားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ နိုင်ငံတော်အစိုးရမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ် ရေးကတ်ပြားများ ဆောင်ရွက်ပေး နေမှု၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို မေးမြန်းဆွေးနွေးကာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကိုပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
ယင်းနောက် ဇွန် ၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ သိုက်စိုးထွန်း(နတ်ရွာ) ရေးသား သည့် ပြည်သူ့အကျိုး သယ်ပိုး ထန်းရွက်၊ အုပ်ချုပ်ရေးမှူးအဆက်ဆက် ဆောင်ပါးပါအကြောင်းအရာများကို ပရိုဂျက်တာဖြင့်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု (၅၆) အုပ်စု မှ အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)