လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

လှိုင်းဘွဲ   ဇွန် ၁၆

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် မူးယစ်ဆန့်ကျင်းရေးအသင်း ဥက္ကဋ္ဌဦးဌေးဝင်းနှင့် မူးယစ်ဆန့်ကျင်ရေးအသင်းရုံးအဖွဲ့မှူး ဦးလင်းခိုင်တို့က လှိုင်းဘွဲမြို့နယ် မူးယစ်ဆန့်ကျင်ရေးအသင်း ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်၊ မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး အန္တရာယ်များ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်းရာထိခိုက်မှု/ခန္ဓာကိုယ်ပိုင်းရာ ထိခိုက်မှု/ လူမှုရေးဆိုင်ရာထိခိုက်မှု၊ မူးယစ်ဥပဒေအရ အရေးယူခံရခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိသော အကြောင်းအရင်း၊ ဘယ်လိုကာကွယ်တားဆီးမလဲ စသည့်အကြောင်းအရာများကို Online မှ တစ်ဆင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)