မဟာဘွဲ့နှင်းသဘင်၊စူဠဘွဲ့နှင်းသဘင်နှင့်ပရိယတ္တိထာဝရငွေပဒေသာပင်စိုက်ထူလှူဒါန်းပွဲအခမ်းအနားကျင်းပ

တာချီလိတ် ဇွန် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ မဟာဘွဲ့နှင်းသဘင်၊ စူဠဘွဲ့နှင်း သဘင်နှင့် ပရိယတ္တိငွေပဒေသာပင်စိုက်ထူလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်က ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဘဒ္ဒန္တ တိဿထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ နှစ်ဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသီရိထံမှ သာရဏီယ ဩဝါဒကထာကိုနာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ အစိုးရပါဠိပထမပြန်စာမေးပွဲ၊ အစိုးရဓမ္မာစရိယစာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ သာမဏေကျော်စာမေးပွဲ၊ တိပိဋိကစာမေးပွဲအစရှိသော ပရိယတ္တိစာမေးပွဲဖြေဆိုကြမည့် ရဟန်း သာမဏေ၊ သီလရှင်များ၏ဆွမ်းစားစရိတ်နှင့် သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရန် အတွက်ရည်ရွယ်၍ ထာဝရငွေပဒေသာပင်စိုက်ထူ လှူဒါန်းငွေကျပ်သိန်းပေါင်း ၁၂၇၀ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အတူအလှူရှင်များက စုပေါင်း၍ ဆရာတော် ဘုရားကြီးအားဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက်ဆရာတော်ကြီးများအား အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူးမှသာသနာရေး ဆိုင်ရာလျှောက်ထားခြင်း၊ဘွဲ့ရ/ စာအောင်သံဃာ တော်များကိုဘွဲ့လက်မှတ်/အောင်လက်မှတ်များနှင့် စာအောင်ဆုတော်ငွေများကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီးနောက် ပရိယတ္တိထာဝရငွေပဒေသာပင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ချီးမြင့်ခဲ့သည်။

အခမ်းအနားကိုလှူဒါန်းမှု အစုစုအတွက်အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆို ဆုတောင်း၍ရုပ်သိမ်းခဲ့ကြသည်။၂၀၂၁ ခုနှစ်၊အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယ ၁၁ ပါး၊ပထမပြန် ၅၉ ပါးစုစုပေါင်း ၇၀ ပါးကို မဟာဘွဲ့နှင့်စူဠဘွဲ့များအားအပ်နှင်းဆက်ကပ်နိုင်ခဲ့ကြောင်းသိရသည်။

ယာဆေး(ပြန်/ဆက်)