တပ်ကုန်း ဇွန် ၁၆
နေပြည်တော်တပ်ကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ငွေနှင်းမှိုစိုက်ပျိုးပြုစုနည်းနှင့် မှိုမျိုးထုပ်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွန်ကြားချက်များနှင့်အညီ အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်များနှင့် သင်ကြားပို့ချမည့်ဘာသာရပ်များအား မိတ်ဆက်ဆွေးနွေးပြောကြား သည်။
အဆိုပါဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ငွေနှင်းမှိုစိုက်ပျိုးပြုစုနည်း နှင့် မှိုမျိုးထုပ်ပြုလုပ်နည်းသင်တန်းကို ကျေးရွာများမှ စိတ်ဝင်စား၍ ဆန္ဒပြုထားသည့် သင်တန်း သား(၂ဝ)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး၊သင်တန်းကို ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့ /လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)