ရမည်းသင်း ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကြာပင်အင်းကျေးရွာတွင် ဂန္ဓမာပန်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပြုနေသည့်အတွက် အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဂန္ဓမာပန်း စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် ငါးလက်မအကွာ ငါးပင်တန်း စိုက်ပျိုးရကြောင်း ရာသီဥတုအပေါ်မူတည်ပြီး နေ့စဉ်ရေလောင်းပေးရကြောင်း ခေါင်ညွန့်နှိမ် ပေးရကြောင်း ပိုးသတ်ဆေး အားဆေးများ ပတ်ဖျန်းပေးရကြောင်းနှင့် စိုက်ပျိုးပြီး သုံးလခွဲဆိုရင် ပန်းများပွင့်ပြီဖြစ်ကြောင်း ပန်းစိုက်ပျိုး ရောင်းချသူ ဦးသန်းဇော်က ပြောသည်။
ဂန္ဓမာပန်းများကို ပွဲးစားများ လာရောက်ဝယ်ယူပါက (၃၅)ကိုင်ကို (၁၀၀၀)ကျပ်ဖြင့် ရောင်းချပြီး တစ်ပတ်လျှင် အနည်းဆုံး (၅၀၀၀၀)ကျပ်ရရှိကာ မိသားစုစားဝတ်နေရေးကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူ ပြုနေသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရန်နိုင်ထွန်း