မြိတ် ဇွန် ၁၆
မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း ပါရမီစာဂစရိယကျောင်းဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အဖွင့် အမှာစကား ပြောကြားရာ ယခုသင်တန်းကို လည်း အစအဆုံး တက်ရောက်ကြရန်နှင့် သင်တန်းမှ ရရှိလာတဲ့ ပညာများဖြင့် မိမိတို့ရဲ့အကျိုးစီးပွား၊ မိမိတို့ရဲ့ဒေသအကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် သင်တန်း တက်နေစဉ်မှာ လည်း သင်တန်းသူများအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနဲ့အညီ နေထိုင်ကြရန်လိုကြောင်း၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းနှင့် ပတ်သက် သည့် သင်ထောက်ကူပစ္စည်းများကိုလည်း မိမိတို့ဌာနမှ အခမဲ့ထောက်ပံ့သွားမှာဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က သင်တန်းသူများအား သင်ထောက်ကူ ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းတွင် သင်တန်းသူ(၁၅)ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းသူ(၁၅) ဦးတို့အား စာတွေ့၊ လက်တွေ့ သင်ထောက်ကူပစ္စည်းများ အစုံအလင်ဖြင့် ဒီဇိုင်းဘာသာရပ်(၂၀)မျိုးကို သင်တန်းနည်းပြဆရာမှ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းအား ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါခိုင်