သဲကုန်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် ပညာရေးဝန်ထမ်းများအား ပထမအကြိမ် ထိုးနှံပေး

သဲကုန်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်ရှိသော ပညာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက စာရင်းများကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေး တစ်လုံးလျှင် ၁၀ ဦးနှူန်းဖြင့် ပညာရေးဌာနမှ ဆရာ/ဆရာမများကို ပထမအကြိမ် ထိုးနှံပေးခဲ့သည်။

ယခုပထမအကြိမ်ကာကွယ်ဆေးထိုးနှံခဲ့သည့် ပညာရေးဝန်ထမ်း(၂၉၇)ဦးအား နောက်(၄)ပတ် အကြာတွင် သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ ဒုတိယအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်လင်း