သတင်းများ

ပဲခူးမြို့၌ ၂၁နှစ်အောက် အမျိုးသားအောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ဘောလုံး အသင်းအား တွေ့ဆုံပွဲကျင်းပ
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် တိုင်းကိုယ်စားပြု ၂၁ နှစ်အောက် အမျိုးသား ဘောလုံးအသင်းအား ယနေ့ (၈:၃၀)အချိန်တွင် ပဲခူးမြို့ မိုးလုံလေလုံအားကစားခန်းမ၌ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။
အုတ်ဖိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ် ညွှန်ကြားမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက် လျက်ရှိသည်။
အုတ်ဖိုမြို့နယ်တွင်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး မွေးမြူရေး ပညာပေးသင်တန်းမှ သင်တန်းသား(၄၀)ဦးအား သင်ကြားပေးနိုင်ခဲ့
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သဖန်းပင်ဆိပ်ကျေးရွာ၊ စိုက်ပျိုးရေး ပညာပေးစခန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေး မွေးမြူရေး ပညာပေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက သင်တန်းသား(၄၀)ဦးအား အောင်မြင် စွာ သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်းသိရသည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
Jun 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာနွေကံ့ကော် (မြို့လှ) ရေးသားသည့် စာမဖတ်သူပပျောက်ရေးနှင့် အခြားစာစုများ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
ပဲခူးမြို့တွင် နွေရာသီအခြေခံ အားကစားသင်တန်းများ သင်တန်းဆင်းပွဲကျင်းပ
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် နွေရာသီအားကစား အခြေခံသင်တန်းများ၊ သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်တွင် တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးလက်ကုန်ထုတ်လမ်းများဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jun 16,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဒေသခံတောင်သူများ ကုန်စည်စီးဆင်းမှု လျှင်မြန် ချောမွေ့ စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နေမှုအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ(၁)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ငပုတောမြို့မရဲစခန်း၌ ချုပ်သားတစ်ဦးတွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jun 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့မရဲစခန်းတွင် အချုပ်သား အမျိုးသား၃၁ဦးရှိသည့် အနက်မှ အမျိုးသား၁၂ဦးအား ဒုရဲအုပ်မျိုးသူရကျော် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်၅ဦးဖြင့် ယမန်နေ့နံနက ်၈နာရီခွဲအချိန်က ပုသိမ်အကျဉ်းထောင် သို့ ပို့ဆောင်ပြီးကိုဗစ်-၁၉‌ ရောဂါပိုးစစ်ဆေးမှုများ ကိုပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Jun 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။