ညောင်ရွှေ ဇွန် ၁၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူများအား ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား ညောင်ရွှေမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသစ်လွင်သိန်းဦးဆောင်သည့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုအကြိမ်အတွက် ကာကွယ်ဆေးလုံးရေ(၃၀၀)အား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ