ဟိုပန် ဇွန် ၁၆
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ COVID-19 ရောဂါကာကွယ်ဆေး(VERO) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဟိုပန်မြို့နယ်ပြည်သူ့ဆေးရုံ၌ ပညာရေး ဝန်ထမ်းနှင့် ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း(၈၅)ဦးတို့အား ထိုးနှံပေးခဲ့သည်။
အဆိုပါ COVID-19 ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်COVID-19ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့၏ ကြီးကြပ်မှု၊ နယ်မြေခံတပ်နယ်မှ ဆေးတပ်ဖွဲ့များနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ကူညီဆောင်ရွက်မှုတို့ဖြင့်ထိုးနှံပေးခဲ့သည်။
COVID-19 ရောဂါကာကွယ်ဆေး(VERO)အား တရုတ်နိုင်ငံ ဘေကျင်းမြို့မှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦးနှုန်းထိုးနှံပေးရကာ ဇူလိုင်လ (၁၄)ရက်နေ့တွင် ဒုတိယ အကြိမ် ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)