ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

သဲကုန်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်း ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးယဥ်ထွေးမှ ပြောကြားရာတွင် "ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးဟာ အသွင်ပြောင်းပုံသဏ္ဍန်ဖြင့် ကူးစက်ပျံ့ပွားလျှက်ရှိကြောင်း၊ မိမိတို့မြို့နယ်အတွင်းသို့ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များအနေနဲ့ ကိုယ့်မြို့ကိုယ့်ရွာအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိရပ်ရွာအတွင်း ပြည်ပမှပြန်လာသူများရှိပါက တာဝန်ရှိသူများထံသို့ သတင်းပေးပို့သွားရန် လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားသွားပါသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း