သတင်းများ

သဲကုန်းမြို့နယ်တွင် နှာခေါင်းစည်း Mask Campaign အခမဲ့ဝေငှခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး လှုံ့ဆော်ခြင်း ဆက်လက် ဆောင်ရွက်
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင် ထွက်တိုင်း နှာခေါင်းစည်း (Mask) များ အခမဲ့တပ်ဆင်ပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Jun 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန် အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယနေ့နံနက်(၁၁) နာရီက ကျင်းပပြုလုပ်သည်။
မြိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေသားများပျော့အိ၍ သစ်ပင်လဲပြို လမ်းပိတ်ဆို့နေမှုအား ရှင်းလင်း
Jun 16,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဇွန်လ(၁၆)ရက် နံနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  ဆိပ်ငယ် ရပ်ကွက်၊ သမ္မတရုံဟောင်းလမ်းရှိ လမ်းဘေးတွင် ပေါက်ရောက်နေသော သက်တမ်း(၂၀)နှစ်ခန့်၊ လုံးပတ် (၁)ပေခန့်၊ အမြင့်(၂ဝ)ပေခန့်ရှိ တောကွမ်းသီးပင်သည် မြေသားများပျော့အိ၍ ၎င်းတွင်တွယ်ကပ်ပေါက်ရောက်နေ သော ချုံနွယ်များနှင့်အတူ လမ်းဘက်သို့လဲကျခဲ့သဖြင့် လမ်းပိတ်ဆို့မှုဖြစ်ခဲ့၍ လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 16,2021
တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ ညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ကလိန်အောင်မြို့ ထွေ/အုပ် ဝန်ထမ်း သား/သမီးများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်
Jun 16,2021
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား သမီးများအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်အတွင်း၌ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်လူဦးရေစာရင်းနှင့်မှတ်ပုံတင်များပြုလုပ်ပေးရန်စာရင်း များကောက်ယူ
Jun 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းကျေးရွာအုပ်စု အတွင်း၌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုရင်းနှင့်မှတ်ပုံတင် တစ်ခါမျှကိုင်ဆောင်ထားခြင်းမရှိသူများ၊ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးခြင်းများကို အမြန်ဆုံးပြန်ရရှိရေးဆောင်ရွက် ပေးနိုင်ရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အငယ်တန်းရေးတို့က စာရင်းများကောက်ယူခြင်းကို ယနေ့မှ ၂၅ရက်နေ့အထိ ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။