ပန်းတောင်းမြို့နယ်တွင် မင်္ဂလာပန္နက်တင်အခမ်းအနား ကျင်းပ

ပန်းတောင်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအဆောက်အဦး ဆောက်လုပ်ရန်အတွက် ပန်းတောင်း၊ တောင်ကုတ်လမ်း ကြခတ် ရပ်ကွက်၌ မင်္ဂလာပန္နက်တင်အခမ်းအနားကို ယမန်နေ့နံက် ၉:၄၅အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သူရ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစောမြင့်နှင့် တာဝန်ရှိသူများက နေ့နံအလိုက်၊ အရပ်တောင့်အလိုက်မင်္ဂလာ ပန္နက်တင်ခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်ရန် (၁၀၀ပေ×၃၀ပေ)၊ (၂)ထပ် သံကူကွန်ကရစ်အဆောက်အအုံဆောက်လုပ်မည်ဖြစ်ပြီး အဆောက်အဦး တန်ဖိုးကျပ်(၁၅၁.၃)သန်းဖြင့် ပုဂံပြည်သားကုမ္ပဏီလိမိတက်မှ တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး