သီပေါ ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန် တိုက်နယ်ဆေးရုံမှ ကိုဗစ်−၁၉ ပိုးတွေ့လူနာများ ဖြစ်ကြသည့် အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၂)ဦး စုစုပေါင်း(၃)ဦး၊၄င်းတို့နှင့် ထိတွေ့ခဲ့သည့် မိသားစုဝင်(၇)ဦး စုစုပေါင်း(၁၀)ဦးအား ဇွန်လ ၁၃ရက်နေ့ ည ၁၀နာရီခန့်က နမ့်လန်ကျေးရွာအုပ်စုရှိ ဖြူစင်နှလုံးသားလူမှုကူညီရေးအသင်းနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်သူလူမှုကူညီရေးအသင်းကားများဖြင့် သီပေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ ကြောင်း သိရသည်။
ကိုဗစ်−၁၉ပိုးတွေ့လူနာ(၃)ဦးအား သီပေါမြို့နယ်ပြည်သူ့ကျန်ူမာရေး ဦးစီးဌာနမှ ဆေးရုံအုပ်က ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပေးပြီး သီးသန့်လူနာဆောင်(Isolation Ward)တွင် အတွင်းလူနာအဖြစ်ဆေးကုသပေးလျက်ရှိရာကိုဗစ်−၁၉ရောဂါပိုးတွေ့လူနာ(၃)ဦးထဲမှအသက်(၄၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဇွန်လ(၁၅)ရက်နံနက် (၁၁)နာရီခန့်တွင် ၄င်းခံစားနေရသော ရောဂါဝေဒနာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ပိုးတွေ့လူနာ(၃)ဦးနှင့် ထိတွေ့ခဲ့သည့် မိသားစုဝင်(၇)ဦးတို့အား သီပေါမြို့ ပြည်သူ့ဆေးရုံ ယာယီသီးသန့်ကုသဆောင်တွင်ထားရှိပြီး ဇွန်လ ၁၄ ရက်နေ့တွင် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ COVID-19 Antigen RDT Test Kitဖြင့် စစ်ဆေးခဲ့ရာ အသက်(၁၆)နှစ်အရွယ် အမျိုးသမီး(၁)ဦးတွင် ကိုဗစ်−၁၉ပိုးတွေ့ရှိရပြီး၊ ကျန်(၆)ဦးတွင် ပိုးမတွေ့ရှိကြောင်း၊ယင်း(၆)ဦးကို မြို့နယ်စားသုံးသူရေးရာ ဂိုထောင်တွင်ဖွင့်လှစ်ထားရှိသော Quarantine Centre သို့ပြောင်းရွှေ့ Quarantine ထားရှိ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးငယ် အား သီပေါမြို့ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်(Isolation Ward)တွင် အတွင်းလူနာအဖြစ် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)