ရှမ်းရွာသစ် ဇွန် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် မူးယစ်ဆေးဆန့်ကျင်ရေး အသင်းဥက္ကဋ္ဌ ဦးဌေးဝင်းနှင့် မူးယစ်ဆေးဆန့်ကျင်ရေးအသင်းရုံးအဖွဲ့မှူး ဦးလင်းခိုင်တို့က မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ မူးယစ်ဆေးဝါးဆိုတာ ဘာလဲ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု/ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု/လူမှုရေးဆိုင်ရာထိခိုက်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမိသည့် အကြောင်းအရင်းများ၊ ဘယ်လိုကာကွယ်တားဆီးကာကွယ်ရမလဲ စသည့် အကြောင်းအရာများကို Online မှတစ်ဆင့် အသိပညာပေး(Talk Show)ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)