မိုင်းယောင်း ဇွန် ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက “မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်”၊ “ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်”နှင့် “ဆေးလိပ်မီးခိုးငွေ့များ ကင်းစင်သောအိမ်ဖြစ်အောင် ဆောင်ရွက်ကြပါစို့” အကြောင်းကို လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းပန်က “မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်(၁)”၊ “အိမ်တွင်းဆေးလိပ်မီးခိုးငွေ့များသည် ကလေးငယ်များအား ကျန်းမာရေး ထိခိုက်စေပါသည်” နှင့် “ဆေးလိပ်၊ ဆေးရွက်ကင်းစင်မှ လူမှုဘဝ ချမ်းသာရ” အကြောင်းကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဦးအားချာက “မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်(၂)”၊ “ဆေးလိပ်၊ ကွမ်းယာရှောင်ကြဉ်ပါ” နှင့် “ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့်ဖြစ်သော ရောဂါများ” အကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း