သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

သာစည် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းဝေးခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းစည်းဝေးတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းကြော်ငြာ ဆိုင်းဘုတ်ကြီးများကို လူစည်းကား၍ ထင်သာမြင်သာရှိသောနေရာများတွင် စိုက်ထူ အသိပေးနိုင်ရေး ဆွေးနွေးပြောကြားချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းများကို မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့၊ မြို့နယ်စည်ပင်သာယာဈေးကြီးရှေ့၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးရှေ့နှင့် အမှတ်(၇) ရပ်ကွက်ရှိ လူစည်းကားရာနေရာများတွင် စိုက်ထူ၍ အသိပညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)