မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်‌နေအိမ်ပျက်စီးခဲ့သော အိမ်‌ထောင်စု ၄ စုအား ထောက်ပံ့ငွေများပေးအပ်

မော်လမြိုင်ကျွန်း  ဇွန်  ၁၇

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊  စော်ကဲချောင်းကျေးရွာအုပ်စု၊ မမှိုဥချောင်းကျေးရွာ၊ ဗြန့်ကြီးအုန်းပင်စု ဖျကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာနှင့် မရမ်းကျေးရွာအုပ်စု၊ တောင်ပို့ကုန်း ကျေးရွာတို့၌ ဇွန်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့်အိမ်ထောင်စု ၄ စုမှ  ဘေးသင့်ပြည်သူ ၁၄ ဦး အတွက်  ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌  ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ‌နေအိမ်ပျက်စီးမှုအတွက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဘိုး ၁၈၀,၀၀၀ ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာအတွက် ၂၉,၄၀၀ ကျပ်၊ စုစုပေါင်း  ၂၀၉,၄၀၀ ကျပ်အား  ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်အောင်