သတင်းများ

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 17,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ကျင်းပ
Jun 17,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးနှင့် ပူးပေါင်း၍ ပန်းခင်း စီမံချက် အကြောင်းအသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃ နာရီ၌ ကျင်းပခဲ့သည်။
မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဲတန်းကျေးရွာသို့ သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက် 
Jun 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများမှ သဲတန်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့သွားရောက်ပြီး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောခြင်း ကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ကျိုက်ဒုံ၌ RS - CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချပျိုးထောင်ခြင်း လုပ်ငန်း ဆောင်ရွက်
Jun 17,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်အဖွဲ့များက ဝက်ဒုံကျေးရွာ တောင်သူဦးနိုင်လယ်ယာမြေတွင် RS - CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချ ပျိုးထောင်ခြင်း လုပ်ငန်း ဆောင်ရွက်ပေးခဲ့သည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ 
Jun 17,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများရရှိပြီး
မိတ္ထီလာမြို့တွင် ပုဒ်မ ၁၄၄ (ညမထွက်ရ)အမိန့် သတ်မှတ်ချိန်ပြောင်းလဲထုတ်ပြန်
Jun 17,2021
မိတ္ထီလာမြို့တွင်ဧပြီလ၁၃ရက်နေ့ကထုတ်ပြန်ခဲ့သောပုဒ်မ၁၄၄ (ညမထွက်ရအမိန့်) သတ်မှတ်ချက် ချိန် ည ၈နာရီမှနံနက် ၄နာရီအစား ယနေ့ ဇွန်လ ၁၇ရက်နေ့မှစတင်ပြီး ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ချိန်ပြောင်းလဲ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက (အမိန့်အမှတ ်၄/၂ဝ၂၁)ဖြင့်ပြောင်းလဲထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်တွင် " ဆေးလိပ်အန္တရာယ် " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jun 17,2021
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁  နာရီက ဆေးလိပ်သောက်သုံးခြင်း၏ ဆိုးကျိုးများ၊ ဆေးလိပ်၏ သမိုင်းနှင့် ဆေးရွက်ကြီး စတင်တွေ့ရှိပုံတို့ကို သိရှိစေရန် ရည်ရွယ်၍ Youth Club, Woman  Club အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးလိပ်ကင်းဝေးရေး စီမံချက်မှ ရေးသားထုတ်ဝေသော"ဆေးလိပ်အန္တရယ်" စာအုပ် ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူ၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက် ရှိသည့် လူမှုရေးပင်စင်ထောက်ပံ့ ငွေများကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနမှ သိရသည်။