သတင်းများ

မင်းလှမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပီမိုးနင်းရေးသားသော ကမ္ဘာ့မင်တန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jun 18,2021
စာဖတ်သည့်အလေ့အထကောင်းများရရှိရန်၊ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူတစ်ဦး စတင်တွေ့ရှိ
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတစ်ဦး တွေ့ရှိကြောင်း ယမန်နေ့ ညနေပိုင်းအချိန်တွင် သိရှိရသည်။
မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးရန် ချေးငွေကျပ်သိန်း (၉၉၈၆၇) လျာထား
Jun 18,2021
ပဲခူးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင် ရွက်နိုင်ရန်အတွက် ချေးငွေကျပ်သိန်း (၉၉၈၆၇) ထုတ်ချေးပေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။
ဘိုကလေးမြို့နယ် အစည်လေးကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကူညီထောက်ပံ့
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ အစည်လေး ကျေးရွာတွင် ဇွန်(၁၄)ရက်နေ့ ညနေပိုင်း၌ မိုးသည်းထန်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သဖြင့် ယမန်နေ့ ဇွန်(၁၇) ရက်နေ့တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မှုများ ပြုလုပ် ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် Quarantine Centre ဖွင့်လှစ်ထားရှိရန် ပြင်ဆင်ထားသည့် နေရာအား ကြည့်ရှုစစ်ဆေး
Jun 18,2021
ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားလာပါက စနစ်တကျထားရှိကုသနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ထားရှိကုသပေးသွားမည့် နေရာနှင့် Quarantine Centre ဖွင့်လှစ်ထားရှိရန်ပြင်ဆင်ထားသည့် နေရာအား ယမန်နေ့မွန်းလွဲပိုင်းက သာယာဝတီခရိုင် ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးမှလာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်
Jun 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် တွင်ကျောင်းသား/ကျောင်းသူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေးအတွက် အမှတ်(၆၄) မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ကျောင်းဖွင့်သည့် နေ့တိုင်း ဆောင်ရွက်ရှိသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ အိမ်မဲမြို့တွင်ကျင်းပ
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် အားကစားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (TSDP)   အားကစားပြိုင်ပွဲဖွင့်ပွဲများကို   ယမန်နေ့ နံနက် ၉နာရီကကျင်းပခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  နယ်လှည့်ကွင်းဆင်းဟောပြောပွဲကျင်းပ
Jun 18,2021
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီ ၃၀ က မိုင်းရယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။