သတင်းများ

စဉ့်ကိုင်မြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး
Jun 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို စပါးနှင့်အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျှက်ရှိရာ ယနေ့နံနက်(၁၁)နာရီက မုန်ပေါင်းကျေးရွာ အုပ်စုကို ထုတ်ချေးပေးလျှက်ရှိကြောင်းသိရသည်၊၊
မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ထားရှိ
Jun 17,2021
မြန်မာနိုင်ငံတွင် တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လျက်ရှိရာ မူဆယ်မြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ မူဆယ်မြို့အဝင် ပြည်ထောင်စုလမ်း မုဒ်ဦးရှေ့တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ချောက်မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချောက်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတို့ပူးပေါင်း၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိ ပညာပေးဆွေးနွေးပွဲ (Talk show)ကို ယနေ့ နံနက် ၁၁ နာရီခန့်က ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျိုင်းတုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကာကွယ်ဆေးစတင်ထိုးနှံပေး
Jun 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိနေသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၁) ရပ်ကွက်၊ ငွေပဒေသာလမ် းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး 
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ်(၁၆၆)သိန်း(၄)သောင်းဖြင့် ဆောင်ရွက်လျက်ရှိသော  အမှတ်(၁)ရပ်ကွက်၊ ငွေပဒေသာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 
ဝန်းသိုမြို့နယ် ကျေးရွာသုံးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး 
Jun 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ ရွာသာကျေးရွာ၊ ညောင်အင်းကျေးရွာနှင့် ညောင်ကိုင်းကျေးရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ရွာတွင်းလမ်းများကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။ 
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ပြသ
Jun 17,2021
ဌာနမှ ဇွန်လ ၁၇နေ့ နံနက် ၁၁နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှေ့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မကွေးခရိုင်အတွင်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်သော အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်း အနား တက်ရောက်
Jun 17,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်၏ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်ခဲ့သည်။