သတင်းများ

ကသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ် ပြန်လည်ဖွင့်လှစ်ထားရှိ 
Jun 17,2021
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ ဖြစ်ပေါ်လျက်ရှိရာ ကသာမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကသာမြို့အဝင် လမ်းမတော်လမ်းမကြီးဘေးတွင် ဇွန်လ (၁၄) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျန်းမာရေး စစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ် ထားရှိပြီး ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ‌သည်။
စုကလိမြို့အခြေခံပညာအထက်တန်းကျောင်း၌ နှာခေါင်းစည်း (Mask) များ လာရောက်လှူဒါန်း
Jun 17,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းဖြစ်သည့် နှာခေါင်းစည်း Mask များအား အလှူရှင်များက ယနေ့နံနက် ၁၀ နာရီ အချိန်၌ အဆိုပါကျောင်းသို့ လာရောက်လှူဒါန်း ပေးခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် ​​​​​​​အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး 
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ
ကံမမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပ ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အထဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့နံနက် ၇ နာရီက ကံမမြို့၊ မြို့မဈေးနှင့် မြို့လယ်လူစည်ကားရာလမ်းဆုံတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 17,2021
တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအ ထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်စေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဖြုးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးနေလျက်ရှိရာ ဇွန်လ(၁၇)ရက်နေ့ထိ တောင်သူပေါင်း (၂၂၂) ဦး၏ လယ်မြေဧက(၁၃၉၇)ဧက အတွက် ငွေကျပ်ပေါင်း (၂၀၉၅ ဒသမ ၅)သိန်း ထုတ်ချေးပေးခဲ့ပြီ ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးသက်လွင်ထံမှ သိရသည်။
စေတုတ္တရာမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်း၌ မွန်ဇော်ကျေးရွာအုပ်စုမှ တောင်သူ (၅၁)ဦး၏ စပါးသီးနှံစိုက်ဧက(၆၄)ဧကနှင့် နှမ်းသီးနှံစိုက်ဧက(၁၀၆)ဧကအတွက် စုစုပေါင်းချေးငွေကျပ် (၂၀၂) သိန်းကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ 
ဆင်ပေါင်ဝဲမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူပေါင်း (၈၉၂၅) ဦး ပညာသင်ကြား
Jun 17,2021
သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်လှစ်သည့် ရက်မှ ယနေ့ထိ ကျောင်းသား/သူပေါင်း (၈၉၂၅) ဦး တက်ရောက်ပြီး