ရေစီးရေလာကောင်းမွန်စေရေးအတွက် ပန်ဆောင်မြို့တွင် အုတ်စီရေမြောင်းပြုလုပ်
Jun 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် မြို့မစျေးနှင့် အလယ်ရပ် ကွက်ကြား ရေစီးရေလာကောင်းမွန်စေရန်အတွက် အလျား(၃၀၀)ပေ၊ အကျယ်(၂)ပေ၊ အနက်(၁)ပေရှိ အုတ်စီ ရေမြောင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရံပုံငွေ (၃၈) သိန်းဖြင့် ပန်ဆောင်မြို့ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။