သတင်းများ

ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် မေထုန်မဲ့သားစပ်ဆေးထိုးခြင်းများ ကွင်းဆင်းဆောင်ရွက် 
Jun 17,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရှိ ဒေသခံပြည်သူများ မွေးမြူထားသောကျွဲနွားများအား ပေါင်ပုပ်၊ လက်ပုပ် ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် မေထုန်မဲ့သားစပ်ဆေးထိုးပေးခြင်းကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ချောင်းဆုံအရှေ့ရပ်ကွက်တွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။ 
ကဝမြို့နယ်တွင် ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကို ကဝမြို့နယ် မြန့်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ခန်းမ၌ ၁၇-၆-၂၀၂၁ ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် ကျင်းပသည်။
ကတ္တရာထပ် ပိုးလွှာခင်းခြင်းနှင့် လမ်းသားချဲ့ထွင်မှု ၇၅ ရာခိုင်နှုန်းပြီးစီး
Jun 17,2021
ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်ရှိ ဦးဘိုနီလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းသား ချဲ့ထွင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပေါက်မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလ အရိပ်ရပျိုးပင်ပေါင်း ၃၀၀၀၀ ကျော် အခမဲ့ ဖြန့်ဝေ စိုက်ပျိုးသွားမည်
Jun 17,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် သဃံဇတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီ ကာလတွင် သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေးအတွက် ဒေသနှင့်ကိုက်ညီမည့် အရိပ်ရပျိုးပင်ပေါင်း ၃၀၀၀၀ ကျော်  စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။ 
ထန်းတပင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာစက်ချုပ် သင်တန်းဆင်းပွဲကျင်းပ
Jun 17,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်းကို ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက သင်တန်းဆင်းပွဲကို အဆိုပါကျေးရွာရှိဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ဖရုံလမ်းခွဲ-အဇန်းတောဇွန်း-ပင်လယ်ချောင်ဆက်သွယ်ရေး လမ်ဘေးတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 17,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၁ ခုနှစ်မိုးရာသီစိမ်းလမ်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင် သာယာလှပစေရေးအတွက် မြို့နယ်သစ်‌တောဦးစီးဌာနနှင့်‌ ကျေးလက်လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဖရုံကန်ကျေးရွာအပိုင် ဖရုံလမ်းခွဲ-အဇန်းတောဇွန်း-ပင်လယ်ချောင် ဆက်သွယ်ရေးလမ်း‌ဘေးတွင် ယနေ့နံနက် ၉နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းတွင် ၂၀၂၁ ခုနှစ် ၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ က ကျင်းပခဲ့သည်။
ကျောက်စစ်ကန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ရွာအဝင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Jun 17,2021
မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ် ကျောက်စစ်ကန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံ ကိန်း(VDP)ဖြင့်ဆောင်ရွက်ခဲ့သည့်၊ ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဇွန်(၁၇)ရက်နေ့ နံနက်(၉:၃၀)နာရီက မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။