သတင်းများ

ရန်ကင်းမြို့နယ် စာရင်းစစ်ရုံးသို့ နယ်လှည့် စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jun 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်ရေး စာပေဖတ်ရှုသူ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော  အသိအမြင်ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်၁၁နာရီက မြို့နယ်စာရင်းစစ်ရုံးသို့ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများ ကွင်းဆင်း  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် လူထုအခြေပြု ဗဟိုဌာန (CommunityCentre) ခန်းမတွင်"ပန်းလိုချင်အပင်ပျိူး"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Jun 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ စာပေဖတ်ရူ့ခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန် ရည်ရွယ်၍  ယနေ့နံနက်၁၀နာရီ ၃၀ မိနစ်အချိန်က (Community Centre ) ခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ ပါသည်။
မင်းလှမြို့နယ်တွင် (၇)နှစ်သားအရွယ် ကလေးငယ်အပါအဝင် (၉)ဦး ကိုဗစ်-၁၉ ရောဂါပိုးထပ်မံ ကူးစက်ခံရ
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင် ပင်ကျေးရွာအုပ်စု၊ ဦးတိုစာဖြူစု ကျေးရွာနေ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သူ လင်မယားနှစ်ဦးနှင့် ထိစပ်သူများကို ထပ်မံစစ် ဆေးခဲ့ရာ (၇) နှစ်သား အရွယ်ကလေးငယ် အပါအဝင်(၉)ဦး ရောဂါပိုး ထပ်မံကူးစက်ခံခဲ့ရကြောင်း ယနေ့ နံနံက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သာကေတမြို့နယ်ရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ပြန်လည် ဖွင့်လှစ်
Jun 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ကျက်သရေဆောင်ဇိနမာရ်အောင်စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ထားရာမှ စေတီတော်မြတ်ကြီး အား စည်းကမ်းချက်နှင့်အညီ အချိန်၊ လူဦးရေ ကန့်သတ်ချက်များဖြင့် မြို့နယ်သံဃနာယက ဆရာတော် ကြီး၏ ဩဝါဒကို ခံယူ၍ ယနေ့ နံနက်(၅)နာရီတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တအာစိဏ္ဏ၊ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တကောမလနှင့် သံဃာတော်အရှင်သူမြတ် (၂၄)ပါးတို့က မြတ်စွာ ဘုရားရှင်အား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ နံနက်(၅)နာရီခွဲတွင် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်း၊ နံနက်(၁၀)နာရီတွင် ပဋ္ဌာန်းအောင်ပွဲကျင်းပခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် တရားတော်နာ ရေစက်ချခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါ စေတီတော် ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းစိုးဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ ဂေါပကအဖွဲ့ဝင်များနှင့် ပြည်သူများ တက်ရောက်ခဲ့သည်။
ပျဉ်းမနား - တောင်တွင်းကြီး - ပျဉ်းမနား အမှတ်(၁၀၃)အဆန်၊ အမှတ် (၁၀၃) အဆန် လော်ကယ်ရထား စတင်ပြေးဆွဲ
Jun 17,2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသည် မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် ရထားများပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် သဘာဝချည်ဆိုးဆေး သင်တန်း ဖွင့်လှစ်
Jun 17,2021
မွန်ပြည်နယ်  မုဒုံမြို့နယ်တွင်    အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန  ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းတွင်   သဘာဝချည်ဆိုးဆေးသင်တန်ဖွင့်ပွဲကို ယနေ့နံနက်၁၀ နာရီက ပြုလုပ် ကြောင်း သိရသည်။
ပြည်မြို့အဝင် တာဂွ(လမ်းဆုံ)၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Jun 17,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင် တာဂွ (လမ်းဆုံ)၌ ယနေ့နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးတုန့်ပြန်‌    ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိကုသရန်နေရာနှင့် Quarantine Centre ဖွင့်လှစ်ထားသည့် နေရာများအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Jun 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ထားရှိကု သပေးသွားမည့် နေရာများနှင့် Quarantine Centre ဖွင့်လှစ်ထားသည့် နေရာများအား သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။