ရန်ကင်း ဇွန် ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်ရေး စာပေဖတ်ရှုသူ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်၁၁နာရီက မြို့နယ်စာရင်းစစ်ရုံးသို့ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာများ၊ စာပေဖတ်ရှုလိုသူများ အားအခမဲ့သွားရောက်၍ စာအုပ်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ စာဖတ်သူအကြိုက်ဖတ် ရှုလိုသည့် သုတ/ရသစာအုပ် စာစောင်များအား ရက်သတ္တပတ်ငှားရမ်းပေးပြီး အပတ်စဉ် လဲလှယ်ငှားရမ်း ပေးလျက်ရှိကြောင်း သိရှိရသည်။
လှလှထွေး