ပုဇွန်တောင်မြို့နယ် လူထုအခြေပြု ဗဟိုဌာန (CommunityCentre) ခန်းမတွင်"ပန်းလိုချင်အပင်ပျိူး"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

 

ပုဇွန်တောင်   ဇွန် ၁၇

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ စာပေဖတ်ရူ့ခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန် ရည်ရွယ်၍  ယနေ့နံနက်၁၀နာရီ ၃၀ မိနစ်အချိန်က (Community Centre ) ခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်စာရေးဆရာလယ်တွင်းသား​ စောချစ် ရေးသားသော"ပန်းလိုချင်အပင်ပျိူး"စာအုပ်အား စာရေးဆရာမ ညွန့်ညွန့် (ကလော) ဦးဆောင်ဆွေးနွေးပြီး စာရေးဆရာမ မေမြတ်စန္ဒာ၊ စာရေးဆရာမ လမင်းအိမ်နှင့် စာပေချစ်သူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းကို ၁၂နာရီ မိနစ်၃၀နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြတ်သီရိခိုင်