မင်းလှမြို့နယ်တွင် (၇)နှစ်သားအရွယ် ကလေးငယ်အပါအဝင် (၉)ဦး ကိုဗစ်-၁၉ ရောဂါပိုးထပ်မံ ကူးစက်ခံရ

မင်းလှ ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင် ပင်ကျေးရွာအုပ်စု၊ ဦးတိုစာဖြူစု ကျေးရွာနေ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သူ လင်မယားနှစ်ဦးနှင့် ထိစပ်သူများကို ထပ်မံစစ် ဆေးခဲ့ရာ (၇) နှစ်သား အရွယ်ကလေးငယ် အပါအဝင်(၉)ဦး ရောဂါပိုး ထပ်မံကူးစက်ခံခဲ့ရကြောင်း ယနေ့ နံနံက်ပိုင်းက  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါရောဂါပိုး စတင်တွေ့ရှိသူ (၂) ဦးနှင့် ထိတွေ့ခဲ့သူ ဦးတိုစာဖြူစုကျေးရွာနေ ဒေသခံပြည်သူ(၂၃)ဦး တို့အား မြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ လှဝင်းနှင့် ကျန်းမာရေးဝန်ထမ်း များက RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ(၉)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါပိုးရှိသူ များအား မြို့နယ်ပြည်သူဆေးရုံမှ စောင့်ကြည့်ကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရောဂါပိုး မ‌တွေ့ရှိသူ(၁၄)ဦးကို ဦးတိုစာဖြူစု အ.မ.က ကျောင်းတွင် Quarantine ထားရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါပိုးရှိသူ စုစုပေါင်း(၁၄)ဦး ကျန်းမာရေးကောင်းမွန်လျက်ရှိ‌ ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနည်းလမ်းများကို လိုက်နာရန်လိုအပ်ကြောင်း မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ‌ပြောကြားသည်။

ပေါက်စ မင်းလှ