ပျဉ်းမနား - တောင်တွင်းကြီး - ပျဉ်းမနား အမှတ်(၁၀၃)အဆန်၊ အမှတ် (၁၀၃) အဆန် လော်ကယ်ရထား စတင်ပြေးဆွဲ

တောင်တွင်းကြီး ဇွန် ၁၇ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသည် မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် ရထားများပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။ ယခုထပ်မံ၍ ဇွန်(၁၇) ယနေ့ နံနက် (၅:၃၀) နာရီမှစတင်ကာ ပျဉ်းမနားဘူတာမှ ပျဉ်းမနား-တောင်တွင်းကြီး အမှတ်(၁၀၃)အဆန် လော်ကယ်ရထားအား လူစီးတွဲ(၄)တွဲ၊ပါဆယ်ကုန်တင်တွဲ(၁)တွဲ ၊ဘရိတ်တွဲ(၁)ဖြင့် စတင်ပြေးဆွဲပေးခဲ့ရာ တောင်တွင်းကြီးဘူတာသို့ နံနက် (၁၁:၃၀) မိနစ် တွင်ရောက်ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ရထားသည် အမှတ်(၁၀၄) အစုန်ရထားအဖြစ် တောင်တွင်းကြီးမှ နေ့စဉ် (၁၃:၀၀) နာရီအချိန်တွင် စတင်ထွက်ခွါ၍ ပျဉ်းမနားဘူတာသို့ (၁၉:၀၀)အချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ရထားစီးခရီးသည်များကို တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးစည်သူရှိန်း၊ ဗိုလ်သက်ခိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ လုံခြုံရေးတပ်ဖွဲ့များက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးခဲ့ ကြောင်း သိရသည်။ နိုင်ဝင်း