လဲချား အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊လဲချားမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ အတွင်းရှိ ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးရုံးမှ ဒုတိယလဝကမှူး ဦးစိုင်းအောင်ထက်နောင်နှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ( ၁) နာရီက နောင်ကော့ကျေးရွာအုပ်စု၊ဝမ်ပုတ်ကျေးရွာ ထမ်ခမ်းကျေးရွာဘုန်းတော်ကြီးကျောင်း တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နောင်ကော့ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု လူဦးရေ စာရင်း(၄)ခု၊ နိုင်ငံသား စိစစ်ရေးကတ်မရှိသူ ကျား(၁၁) ဦး၊မ (၁၈)ဦး စုစုပေါင်း (၂၉) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)