ကျောက်ဖြူမြို့၊ မြို့မဈေးကြီးတွင် အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း(Mask) ဖြန့်ဝေခြင်းများဆောင်ရွက်

ကျောက်ဖြူ   အောက်တိုဘာ  ၂၈

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင် ရန်အတွက် ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ မြို့မဈေးကြီးသို့သွားရောက်၍  ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေးလက်ကမ်းစာ စောင်နှင့် နှာခေါင်းစည်း Mask များကို အခမဲ့ဝေငှပေးခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများက လူသွားလူလာများပြီး လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေးကြီးသို့သွားရောက်၍ ဈေး ရောင်း၊ ဈေးဝယ်ပြုလုပ်နေသူများ၊ ဈေးသွားဈေးပြန်များ၊  ၎င်းဈေးအတွင်းရှိ ဆိုင်ခန်းအသီးသီးတွင် ဈေး ရောင်းချနေသူများနှင့် အငှားယာဉ်မောင်းနှင်နေသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်း စည်း(Mask) စနစ်တကျတပ်ဆင်နည်းပြသပေးခြင်းများဆောင်ရွက်ပြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း(Mask) အခု ၅၀၀ ကျော်အား အခမဲ့ဝေငှ ပေးခဲ့ကြသည်။

 

ယင်းနောက် အဆိုပါဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်လှည့်လည်၍  ၁၉ ရောဂါကာကွယ်ရေး ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုး ဆော်ခဲ့ကြောင်း သိရသည်။   

  တင်ထွန်းဦး(ပြန်/ဆက်)