ဆွမ်ပရာဘွမ်မြို့၌ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာရေးဆရာ လယ်တွင်းသားစောချစ်၏ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဆွမ်ပရာဘွမ်    အောက်တိုဘာ   ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌    ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာရေးဆရာ လယ်တွင်းသားစောချစ်၏ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က    မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ      Mask များ စနစ်တကျ တပ်ဆင်လျက်ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက         ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ပြီး စာအုပ်ဖတ်ခြင်းအားဖြင့် မိမိတို့၏ အသိဉာဏ်ပညာတိုးပွားစေရန်၊ အကောင်းအဆိုး ခွဲခြားသိမြင်နိုင်စေရန်၊ သူတစ်ပါးအား ကူညီတတ်လာရန်၊လိမ္မာရေးခြားရှိလာစေရန်၊    မိဘဆရာ များအား ရိုသေလေးစားတတ်လာစေရန်နှင့်     ယခုလို ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း၌ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် ရောဂါဖြစ်ပွားမူကို ကြိုတင်ကာကွယ်နိုင်သော အချက်အလက် စည်းကမ်းများ၊ ဆောင်ရန်၊   ရှောင်ရန်စည်းမျဉ်းများကို တွေ့မြင်သိမြင်နိုင်ခြင်း စသည်များအား   ပြန်/ဆက်ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆွေးနွေး ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Henry Miko sa (ဆွမ်ပရာဘွမ်)