ထီးလင်း အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm တတိယအသုတ် ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီ က ထီးလင်းမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ကာကွယ်ဆေး ထိုးနှံပေးနေမှုတို့ကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများအား အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေး အတွက် လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူ (၁၆၀) ဦးရှိပြီး ထီးလင်းမြို့နယ်၌ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ အသက်(၁၈)နှစ်အထက် စုစုပေါင်း လူဦးရေ (၆၃၄၈)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်စည်