ကျိုက်မရော အောက်တိုဘာ ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစား နှင့် ကာယပညာဦးစီးဌာတို့ပူးပေါင်း၍ လူငယ်နှင့် အားကစားလှုပ်ရှားမှုအဖြစ် အသက် ၁၂နှစ်အထက်လူငယ်များ စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်၁၁နာရီကကျိုက်မရောမြို့လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Center) များတွင် လူငယ်၊ လူရွယ်များအတွက် အကျိုးပြုစေမည့် ဘာသာစကား သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု သင်တန်းများ၊ အားကစား နည်းပညာများ၊ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ လူငယ်များအတွက်စိတ်ပိုင်းဆိုင်ရာ
တည်ငြိမ်အေးချမ်းစေပြီး စိတ်ကြည်နူးပျော်ရွှင်စေမည့် အားကစားနည်းတစ်မျိုးဖြစ်သည့် စစ်တုရင် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါစစ်တုရင်ပြိုင်ပွဲသို့ အားကစားဝါသနာရှင် ၁၀ ဦးတို့ လာရောက်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲ မစတင်ခင်ပြိုင်ပွဲစည်းကမ်းများကို စစ်တုရင်အားကစားနည်းပြဆရာဦးခွန်ရဲက ပြိုင်ပွဲစည်းကမ်းများ ကိုရှင်းလင်းဆွေးနွေးပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေး က စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးပေးပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကလေးများအားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)