ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ပေါက်တော  အောက်တိုဘာ ၂၈

 

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်‌ဆေးဒုတိယ အကြိမ်ဆက်လက်ထိုးနှံပေးခြင်းကိုပေါက်တောမြို့ပေါ်ရှိသာသနာ့ဗိမာန် စုရပ်နှင့်၊ ကျေးလက်ကျန်းမာရေး ဌာနစုရပ်(၄) နေရာတို့တွင် ယနေ့ နံနက် (၉)နာရီက စတင်ထိုးနှံပေးသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ လာရောက် ကြည်ရှုကြပြီး ကာကွယ်‌ဆေးထိုးနှံပြီးခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ရှောင်ရန် ဆောင်ရန် အချက်အလက်များကို လိုက်နာကြစေလိုကြောင်း မှာကြားပေးသည်။

 

ကိုဗစ်-‌၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်း များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပမာဏတိုင်းတာပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။ကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များနှင့်  စေတနာ့ဝန်ထမ်းများကလိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးကြသည်။ တဆက်တည်းမှာပင်၊ ကျေးလက်ကျန်းမာ‌ရေးဌာန စုရပ်များသို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြီးကြပ်ခြင်းများ ဆောင်ရွက်ကြလျက် ကျေးရွာရှိစေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကိုဆောင်ရွက်ခြင်းများပြုလုပ်ပေးကြသည်။ ပေါက်တောမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကိုအောက်တိုဘာလ ၂၇ ရက်နေ့တွင်ဆေးထိုးနှံလာကြသည့် ဦးတည်အုပ်စု ပြည်သူစုစုပေါင်း  (၂၁၈၅)ဦးထိုးနှံလာကြပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင်ကျန်ရှိ ဦးတည် အုပ်စု ပြည်သူများ အားဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

 

ကျော်သန်း