သံဖြူဇရပ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဝါခရူကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေး

သံဖြူဇရပ် အောက်တိုဘာ ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန  မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင်  ဦးဆောင်၍  ပန်းခင်းစီမံချက် ဖြင့်အိမ်ထောင်စုလူဦးရေ စာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများ ကို ယမန်နေ့ နံနက်(၁၀)နာရီမှနေ့လယ် (၄)နာရီ အထိ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်း   ဆောင်ရွက်ခြင်းကို  ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်   ကိုဗစ် - ၁၉ ရောဂါ ညွှန်ကြားချက်နှင့်အညီ(၁၀)နှစ် အထက်  နိုင်ငံသားကတ်ကိုင်ဆောင်သူ ၃(က)၁၆ ဦး ၊ ၁၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင် သူ ၆(က) ၁၃ ဦး ၊ ၁၀နှစ်မှ၁၈ နှစ်ပြည့် လဲလှယ် ၁၃၀ ဦး နှင့်  ပျောက်ဆုံး/ ပျက်စီးထုတ်ပေး  ၅၃ ဦး စုစုပေါင်း ( ၂၁၂ ) ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

သီတာဝင်း