ပူတာအို အောက်တိုဘာ ၃၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံနှင့် ဇီဝိတဒါနသံဃာ့ဆေးရုံတို့တွင် အသုံးပြုနိုင်ရန်အတွက် ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း မှုဖြင့်ပေးပို့လှူဒါန်းသော ဝှီးချဲများနှင့်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှလှူဒါန်းသော အာဟာရ ဖြည့် ကြက်ဉများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၃)နာရီက အဆိုပါပူတာအိုခရိုင်ပြည်သူ့ ဆေးရုံဝင်းရှိ ဇီဝိတဒါနသံဃာ့ဆေးရုံခန်းမ၌ကျင်းပသည်။
လှူဒါန်းပွဲတွင် ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက ပူတာအိုခရိုင်ပြည်သူ့ဆေးရုံနှင့် ဇီဝိတဒါနသံဃာ့ဆေးရုံတွင် အသုံးပြုရန် အတွက် ဝှီးချဲများပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့ နာယက ဒေါ်နန်ဆိုင်း၊အဖွဲ့ဝင် ဒေါ်သွဲ့လေးအောင်နှင့်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူတို့က ကချင်ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့တို့မှပေးပို့လှူဒါန်းသော ဝှီးချဲတစ်စီးလျှင်ကာလ တန်ဖိုးကျပ် (၂၀၄၀၀၀)သိန်း စုစုပေါင်းကျပ်(၆၁၂၀၀၀)သိန်းတန်ဖိုးရှိ ဝှီးချဲသုံးစီးနှင့်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ ခရိုင်ပြည်သူ့ ဆေးရုံအတွက် လှူဒါန်းသော အာဟာရဖြည့်ကြက်ဥများကိုပေးအပ်လှူဒါန်းရာခရိုင် ဆေးရုံ အုပ် ဒေါက်တာသန့်ဇင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများကလက်ခံရယူခဲ့ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)