သတင်းများ

လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် “ပန်းခင်းစီမံချက်” အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Jun 19,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုထာန (Community Center) ခန်းမတွင် ပန်းခင်းစီမံချက်အကြောင်းအသိပညာပေး Talk show ကို ယနေ့နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ
Jun 19,2021
ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမ၌ “ပန်းလိုချင် အပင်ကိုပျိုးတက်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ပလောက်မြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင် စရိတ်ထောက်ပံ့ပေးအပ်
Jun 19,2021
တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မလှိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 19,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ ထမ္မကြီးကျေးရွာအုပ်စု၊ ဖက်ကုန်းကျေးရွာအုပ်စု၊ အိမ်ကြီးတောကျေးရွာ အုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်း ဆင်းဆောင်ရွက် ပေးလျက်ရှိရာ မိတ္ထီလာခရိုင် လဝက ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူးဦးဇော်ဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးကျော်ငြိမ်းနှင့်တာဝန်ရှိသူများ ယမန်နေ့က ထမ္မကြီးကျေးရွာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။
ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာအုပ်စုမှ လေဘေးသင့်ပြည်သူများအား မြို့နယ်ဘေးစီမံမှ ကူညီထောက်ပံ့
Jun 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စု၊ ခူလံ အနောက်ကျေးရွာတွင် ဇွန်(၁၇)ရက် ညနေ(၅)နာရီခန့်၌ မိုးသည်းထန်းစွာရွာသွန်း၍ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့သဖြင့် အဆိုပါဘေးသင့် မိသားစုဝင်များအား ယမန်နေ့ဇွန်(၁၈)ရက် ညနေ(၄)နာရီ၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။
ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jun 19,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 19,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက ထီးလင်းမြို့ လေယာဉ်ကွင်းဟောင်း(ယာယီ) ပျံကျဈေးနေရာ၌ပြုလုပ်သည်။
ရှမ်းရွာသစ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
Jun 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလ၌ အဖြစ်များလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်ပွားစေနိုင်သော ခြင်များ မပေါက်ပွားနိုင်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။