မက်မန်း အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် (၉)ဦး ထပ်မံတွေ့ရှိကြောင်းသိရသည်။
မက်မန်းမြို့ပြည်သူ့ဆေးရုံ၌ ၂၇-၁၀-၂၀၂၁ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ပိုးတွေ့ လူနာသစ်(၅)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါပိုးတွေ့လူနာများမှာ အသက်(၂၆)နှစ်တစ်ဦး၊ အသက်(၂၅)နှစ်တစ်ဦး၊ အသက်(၂၀)နှစ်တစ်ဦး၊ အသက်(၄၄)နှစ်တစ်ဦး၊ အသက်(၂)လရှိ ကလေးတစ်ဦးစုစုပေါင်း(၅)ဦး၊ တွေ့ရှိပြီး မက်မန်းမြို့မှ နေထိုင်သူ(၄)ဦးနှင့် ကျန်တစ်ဦးမှာ နန့်နန်းချောင်း၌ နေထိုင်လျက် ရှိကြောင်း သိရသည်။ ထိုလူနာများနှင့်ဆက်စပ်သည့်သူများအား ထပ်မံစစ်ဆေးခဲ့ရာ ၂၈-၁၀-၂၀၂၁နေ့တွင် အသက်(၂၀)နှစ်တစ်ဦး၊ အသက်(၃၂)တစ်ဦး၊ အသက်(၂၄)တစ်ဦး၊ အသက် (၃၀)နှစ်တစ်ဦးပေါင်း(၄)ဦးထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းပိုးတွေ့လူနာ(၉)ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှသိရသည်။ အဆိုပါ ပိုးတွေ့အတည်ပြုလူနာ(၉)ဦးအား မက်မန်းမြို့ရပ်ကွက်(၂)မင်းရန်အောင်ခန်းမတွင် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
မက်မန်းခရိုင် ပြန်/ဆက်