နတ်တလင်းမြို့တွင် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

နတ်တလင်း  ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသော  ၂၀၂၁ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ်အားကစား ပြိုင်ပွဲများကို ယနေ့ နံနက်   ၉    နာရီမှစ၍ သတ်မှတ်ထားသော နေရာများတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဖွင့်လှစ်ပွဲကို စားပွဲတင် တင်းနစ်အားကစားလေ့ကျင့်ရေးခန်းမတွင် ကျင်းပရာ မြို့နယ်အားကစားမှူး ဦးသန်းဇော်ဦးက ပြိုင်ပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အားကစားပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲများကို သတ်မှတ်ထားသော နေရာအသီးသီးတွင် ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲအသီးသီးမှ အနိုင်ရရှိသော အားကစားသမားများကို ဇွန် ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မြို့နယ်အားကစားကွင်း၌ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထားထားဦး (ပြန်/ဆက်)