ကျေးသီးမြို့နယ်၌ တိုက်ပွဲရှောင် ပြည်သူများအတွက် အဝတ်အထည်၊ ခြုံစောင်များ၊ လူသုံးကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ကျေးသီး ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်အတွင်းရှိ ဟော်ခမ်း ဘုန်းတော် ကြီးကျောင်း၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ (၂)မိုင်ဘုန်းတော်ကြီးကျောင်း၊  နောင်ဆွမ်းဘုန်းတော် ကြီးကျောင်း၊ နောင်ဝိုးဘုန်းတော်ကြီးကျောင်း၊ မင်္ဂလာရန်အောင်ကျောင်းတိုက်၊  ဆွန်မွန်းဘုန်းတော်

ကြီးကျောင်းနှင့် ဝမ်ပန်ဘုန်းတော်ကြီးကျောင်းတို့တွင် ဇွန်လ ၁ ရက်နေ့မှစ၍ ခေတ္တ ခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူများအတွက်  အဝတ်အထည်များ၊ ခြုံစောင်များ၊ လူသုံးကုန်ပစ္စည်းများကို ယမန်နေ့ နောင်ဆွန်းဘုန်းတော်ကြီးကျောင်းနှင့်နောင်ဝိုးဘုန်းတော်ကြီးကျောင်း တို့၌  လာရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း  သိရသည်။

ရှမ်းပြည်နယ်လုံးဆိုင်ရာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ နှင့် နမ္မတူမြို့နယ်မှ စေတနာရှင်ပြည်သူများက ကျေးသီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက်  အဝတ်အထည်များ၊ ခြုံစောင်များ၊ လူသုံးကုန်ပစ္စည်းများ၊ ပလပ်စတစ်ဖျာများ ၊စားသောက်ကုန်များနှင့်ဆေးဝါးများ စသည် တို့ကို လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများသည် ကျေးသီးမြို့နယ်နှင့်မိုင်းနောင်မြို့ကြားရှိ မိုင်းကောင် ကျေးရွာအုပ်စု ကွန်လုံး၊ မိုင်းကောင်၊ မိုင်ဟုန်းလိန် ၊မတ်ဟူ၊ နောင်ဟီး၊ ဆွန်မွန်း၊ ဝမ်မော်၊ နားခေါက် လိန်၊ နားကွန် ကျေးရွာများ၊ နောင်ဆွမ်းကျေးရွာအုပ်စု လွယ်တောင်လွယ်၊ ဝမ်လတ်၊ နမ့်ဖတ်ကာ၊ နောင်ဆွမ်း၊ ဖိုင်မုန်၊ ဟိုနား ကျေးရွာများ၊ ဟိုပုန်ကျေးရွာအုပ်စု မတ်ဝေါင်း၊ဝမ်ဖိန်း၊ နမ့်အုတ် ကျေးရွာများ၊ မိုင်းနန်းကျေးရွာအုပ်စု     လုတ်ခါး ၊မတ်န၊     ဝမ်အစ်၊     နမ့်မော်ဆိုင်းကျေးရွာတို့မှ   တိုက်ပွဲရှောင်ပြည်သူ (၂၁၄၃)ဦး ခိုလှုံလျက်ရှိရာ ဇွန် ၁၇ ရက်နေ့တွင်(၅၀၉)ဦး နေရပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် တိုက်ပွဲရှောင်ပြည်သူ (၁၆၃၄)ဦး ကျန်ရှိနေကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

နန်းမွမ်းဆိုင်