နမ့်စန်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

နမ့်စန်(တ) ဇွန် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဖေမောင်တင်နှင့် ဝန်ထမ်းများက လက်ရှိဇာတိတွင် အမှန်တကယ်နေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ ၊ အိမ်ထောင်စုလူဦးရေစာရင်းရှိ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ ကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၀နှစ်ပြည့် နှင့် ၁၈ နှစ်ပြည့်) ပြုလုပ်/လဲလှယ်ပေးခြင်း ၊ ပျောက်ဆုံး၊ပျက်စီးမှုများကို မိတ္တူထုတ်ပေးခြင်းလုပ်ငန်းများအား ပန်းခင်းစီမံချက်ဖြင့် အမြန်ဆုံးဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် မေလ ၃ ရက်နေ့မှစ၍ ရပ်ကွက်နှင့်ကျေးရွာများရှိပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးလျက်ရှိရာ ဇွန်လ ၁၈ ရက်နေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း (၃၈၁)စောင် ၊(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၀) နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အသစ် /လဲလှယ် (၂၈၁) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးဖေမောင်တင် ထံမှသိရသည်။

မြို့နယ်ပြန်/ဆက်